We're the Millers HD

We're the Millers

Comedy Crime HD 2013-08-07 6.811 110 Min

ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီးရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ်ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကိုသူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူကအလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ်ဒီအလုပ်ကတော့ မက္ကစီကိုကဆေးခြောက်တွေကိုနယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီးဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခိုအလုပ်ကိုလက်ခံလိုက်ရပါတော့တယ်ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကိုကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ်အိမ်ခြေမဲ့ကလေကချေမလေးတစ်ယောက်ရယ်ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကိုပိုက်ဆံပေးမယ်ပြောကာမိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ်ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ဘယ်လိုတွေဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီးငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟားရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ်