American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypseတို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ “Metalocalypse:The Doomstar Requiem” ရဲ့ Sequel ဖြစ်တဲ့ “Metalocalypse: Army of theDoomstar”(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံးအနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်းကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDbrating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်းကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်းတစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်ကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့”Song ofSalvation”ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ်လိုကယ်တင်နိုင်မှာလဲ၊ “Song of Salvation”ဆိုတာ ဘာကြီးလဲတောင် Dethklokအဖွဲ့သားတွေမသိကြပါဘူး။ နေသန်ဟာ အဲဒီအချိန်တုန်းက စော်ငြင်းခံရတဲ့အပြင်ရှင်သန်ခြင်းအဓိပ္ပာယ်တွေပါပျောက်ဆုံးနေတာပါ။ သူရေးသမျှကလည်း သေခြင်းတရားအကြောင်းတွေချည်းပဲဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း ရှင်သန်ခြင်းနည်းကို မသိဘဲစိတ်ဓာတ်ကျနေတာမို့လို့ အဲဒီသီချင်းကိုမရေးနိုင်ဖြစ်နေပါတယ်။ဟိုဗီလိန်တွေကလည်း သူသီချင်းရေးနိုင်သွားမှာစိုးလို့ နည်းမျိုးစုံနဲ့လိုက်နှောက်ယှက်ပါတယ်။ ဆိုတော့ကာ နေသန်တစ်ယောက် ပျောက်ဆုံးနေတဲ့သူကိုယ်သူပြန်ရှာဖွေပြီး“Song of Salvation”ကိုဘယ်လိုရေးမလဲ၊ သီချင်းတစ်ပုဒ်တည်းနဲ့ ဂြိုဟ်ပျက်မဲ့ကိန်းကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။