ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝက သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲနေပါတယ်။ရတဲ့လစာကနေအကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက်ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ်မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ဒီလိုနဲ့မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမသောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို “လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ” ဆိုတော့ “တစ်ရာ” ပါတဲ့။“လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိစိတ်လှုပ်ရှားခဲ့ရဖူးလဲ” လို့မေးတဲ့အခါမှာတော့ “နှစ်ဆယ်” လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့တစ်ဘဝလုံးကို “နှစ်ဆယ်” နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။