Infinity HD

Infinity

Crime Thriller HD 2023-07-07 8 112 Min

အိန္ဒိယမှုခင်းရုပ်ရှင် ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာ မှုခင်းဇာတ်လမ်းကောင်းတွေအများကြီးထွက်ရှိခဲ့ပြီး အခုလည်း နောက်ထပ် တမီလ်မှုခင်းရုပ်ရှင်တစ်ခု ထပ်မံထွက်ရှိလာပြန်ပါပြီ။ချန်နိုင်းမြို့ကြီးမှာ တစ်ညတည်းနဲ့ လူသဝာ်မှုနှစ်ခုဖြစ်သွားခဲ့ပါတယ်။ အဲဒီလူသဝာ်မှုနှစ်ခုမှာသေဆုံးသူတွေက ရဲအရာရှိတစ်ယောက်နဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်နေပါတယ်။အဲဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဘာသဲလွန်စမှရှာမရတဲ့အတွက် CBI လို့ခေါ်တဲ့ဗဟိုထောက်လှမ်းရေးအဖွဲ့ကြီးဆီကို အဲဒီအမှုလွှဲပေးလိုက်ရပါတယ်။အကွက်ကျကျ ကစားကွက်တွေရွှေ့နေတဲ့ လူသဝာ်သမားကို CBI က စုံထောက်ကြီး အက်ဗီကဖမ်းမိမလားဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။