Barbie 4K

Barbie

Comedy Fantasy Adventure 4K Movies 4K 2023-07-19 7.391 114 Min

ဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ သူ့ကိုဒီလိုဖြစ်လာအောင်လုပ်နေတဲ့ ဘာဘီအရုပ်ပိုင်ရှင်ကလေးမတစ်ယောက်ကို လူသားကမ္ဘာထဲမှာ သွားရှာပြီး ပြန်ပြင်ဖို့ပါပဲ။အဲဒီမှာ သူနဲ့အတူ ကန်လည်းလိုက်လာပါတယ်။ ဒါပေမဲ့ လူသားကမ္ဘာအရောက်မှာတော့ သူထင်သလိုမဟုတ်ဘဲယောကျာ်းတွေက မဝါဒီယောင်ပြရင်း ဖိုကြီးစိုးရေးကို မသိသာမြှပ်နှံအသုံးချဆဲဆိုတာသိလာရသလို၊ မိန်းကလေးတွေကလည်း ဘာဘီရဲ့ အလှအပစံနှုန်းတွေကြောင့် မဝါဒီတိုးတက်ရေးနှစ် ၅၀ လောက်နောက်ကျသွားတယ်၊ မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့အတွင်းစိတ်ကို ဖျက်ဆီးပြီး မလိုအပ်တာတွအရူးအမူးဝယ်ယူချင်စိတ်တွေဖြစ်လာအောင်လုပ်တဲ့သူ၊ဖက်ဆစ်မဆိုပြီးပါ စွပ်စွဲတာတွေရှိလာပါတယ်။ ဒီလို ကမ္ဘာကြီးနဲ့ ဘာဘီမြေမှာဆက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘာဘီတစ်ယောက် ဘယ်လို ဆက်ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါပဲ။