Old Man HD

Old Man

Horror Thriller HD 2022-10-14 5.955 98 Min

Horror ကားကို ဘာဆက်ဖြစ်မလဲဆိုပြီး အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ချင်ကြသူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားပါ။ ဇာတ်လမ်းကတော့ ဂျိုးဆိုတဲ့ကောင်လေးတစ်ယောက် တောထဲမှာလမ်းပျောက်ပြီး တောထဲက သစ်လုံးအိမ်လေးဆီ ရောက်သွားရာ ကနေ စပါတယ်။ ကူကယ်ရာမဲ့နေရာကနေ ကယ်တင်ရှင်တွေ့ပြီဆိုပြီး ဝမ်းသာအားရနဲ့ သစ်လုံးအိမ်ထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရူးကြောင်ကြောင်အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး နှစ်ယောက်သား ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာကြည့်ရှုကြရမှာပါ။တဲအိမ်လေးထဲမှာပဲ ပြီးသွားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ မထင်ထားတဲ့plot twist တွေလည်း ပါဝင်တာကြောင့်ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ရူးကြောင်ကြောင် အဘိုးကြီးအဖြစ် Avatar ကားထဲက မင်းသားကြီး Stephen Lang က သရုပ်ဆောင်ထားပါတယ်။