ဒီဟာသဇာတ်ကားလေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ဘဝကိုဖြတ်သန်းနေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်တော့မယ်ဆိုရင် ကျွန်တော်တို့ရော ဘာတွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျချော်နိုင်တဲ့ရဲဝန်ထမ်းတစ်ယောက်၊ အဖေဖြစ်သူကိုဂုဏ်ယူစေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီးကြိတ်ကြိုက်နေရတဲ့ တွဲဖက်ရဲမေကိုလည်း အထင်ကြီးအောင် လုပ်ပြချင်နေတဲ့သူပေါ့။ ကံဆိုးချင်တော့ သူရဲ့ပေါ့တိပေါ့ပျက်နိုင်မှုတွေကြောင့် အရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲဘော်ရဲဖက်တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့တောင် မထင်ဘဲ ချိုးနှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအပေါ် လိုတာထက်ပိုပြီးသည်းခံတတ်တာလည်းပါတာပေါ့။ ဘယ်လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ရည်းစားဟောင်းက သူငှားနေတဲ့အိမ်ပေါ်တက်နေပြီး လူပါးဝတာကိုမှ ငြိမ်ခံပြီး ဆက်နေခိုင်းတယ်။ အဲဒီနောက် ကြွက်တစ်ကောင်နဲ့ဆရာဝန်တစ်ယောက်ကြောင့် သူရဲ့ဘဝက အကြီးအကျယ်ပြောင်းလဲဖို့ဖြစ်လာတယ် ဘာတွေဘယ်လိုပြောင်းလဲကုန်မလဲသိရဖို့ အပြေးလေး ကြည့်လိုက်ကြပါဦး။