It’s Quieter in the Twilight FHD

It’s Quieter in the Twilight

Documentary FHD 2022-03-13 6.333 83 Min

1977 ခုနှစ်မှာ NASA က Jupiter နဲ့ Saturn ဂြိုဟ်နှစ်လုံးကို စူး‌စမ်းလေ့လာဖို့အတွက် Voyager 1 နဲ့ Voyager 2 ဆိုတဲ့ အာကာသယာဉ်နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ ပထမမစ်ရှင်ကတော့ ဒီဂြိုဟ်နှစ်လုံးကိုလေ့လာဖို့အတွက်ပါပဲ။ ဒါပေမဲ့ Jupiter ရဲ့ လပေါ်မှာ မီးတောင်ရှင်တွေရှိနေတာရယ်၊ Saturn ရဲ့ ကွင်းတွေကြားက ရှုပ်ထွေးမှု ပုံသဏ္ဍာန်တွေကြောင့် ထပ်ဆောင်းမစ်ရှင်‌တွေ ရှိလာခဲ့ပါတယ်။Voyager 2 က Uranus, Neptune ဂြိုဟ်တွေနဲ့ တွေ့ဆုံမှုကို အောင်မြင်သွားပြီး ထပ်မံစူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူကတော့ ပြင်ပဂြိုဟ်တွေဆီ သွားရောက်နိုင်ခဲ့တဲ့ တစ်စင်းတည်းသော အာကာသယာဉ် အဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပါ။ ဒါ့အပြင် 2012 August လမှာ Voyager 1 က interstellar space ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ 2018 November လမှာတော့ Voyager 2 က ဆက်လက်ဝင်ရောက်နိုင်ခဲ့ပါ တယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အခုလိုအောင်မြင်ခဲ့တဲ့ မစ်ရှင်တွေရဲ့ နောက်ကွယ်က Voyager အဖွဲ့သား သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအား ထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။ မစ်ရှင်တွေအကြောင်း အသေးစိတ် ရှင်းပြချက်တွေနဲ့အတူ အဖြေရှာရခက်တဲ့ အာကာသထဲက ပုစ္ဆာ‌တွေအ ကြောင်းလည်း မျက်မြင်တွေ့ရပါလိမ့်မယ်။