ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror အမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။အိမ်ထောင်ရေးသုခ မပြည့်စုံတဲ့ လင်မယား၂ယောက်၊ ခင်ပွန်းဖြစ်သူက ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်နေချိန် ဗာရိုနီကာလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်က သူတို့ကြားကို ဝင်လာချိန်ကစပြီး ပြဿနာတွေမျိုးစုံ ဖြစ်လာပါတော့တယ်။ဗာရိုနီကာက တောတွင်းတစ်နေရာက သစ်လုံးအိမ်ထဲမှာ နေသူဖြစ်ပြီး ထိုအိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အစမှာ မောင်ဖြစ်သူ ဖေဘီယန်ကို အဲဒီကိုခေါ်သွားပြီး ကိုမာရောဂါရပြီးဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို နောက်ပိုင်းမှာ အစ်မဖြစ်တဲ့အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကိုခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်နေမလဲ။ ဘယ်လိုပြဿနာတွေကို ဇာတ်လိုက်မိသားစု၃ယောက်ကြား ယူဆောင်လာမလဲဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။