Lupin The 3rd vs. Cat’s Eye FHD

Lupin The 3rd vs. Cat’s Eye

Action Comedy Adventure Animation FHD 2023-01-23 5.966 92 Min

Lupin the 3rd vs Cat’s Eyeဇာတ်ကားမှာတော့Cat’s Eyeညီအမသုံးယောက်ဟာ သူတို့အဖေရဲ့ ပန်းချီကားသုံးကားကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေသလိုတစ်ဖက်မှာလဲ ကမ္ဘာကျော်သူခိုးLupinနဲ့သူ့အဖွဲ့ကလဲ ဒီပန်းချီကားတွေကို လိုက်ခိုးနေခဲ့တယ်။အဲ့အချိန်မှာဘဲ လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုကဒီပန်းချီကားသုံးကားကိုရရှိဖို့အတွက် Cat’s Eyeနဲ့Lupinတို့နောက်လိုက်ကာ တိုက်ခိုက်နေခဲ့တယ်။Cat’s Eyeညီအမကိုလိုက်လံဖမ်းဆီးနေတဲ့စုံထောက်အရာရှိToshio Utsumiနဲ့Lupinကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ စုံထောက်Zenigataတို့ကလဲ အတူလက်တွဲကာ Cat’s Eyeနဲ့Lupinတို့ကိုဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။Lupinဟာ သူအတိတ်မှာပေးခဲ့တဲ့ကတိတစ်ခုကြောင့် ဒီပန်းချီကားတွေကို လိုက်ရှာနေရတဲ့အပြင် Cat’s Eyeညီအမသုံးယောက်ကိုပါစောင့်ရှောက်ပေးနေရပါတော့တယ်။ဒီပန်းချီကားတွေမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနိုင်မလဲ၊Cat’s Eyeနဲ့Lupinတို့တွေ အန္တရာယ်ကင်းကင်းပန်းချီကားကိုရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။