ဒီတစ်ခေါက်မှာတော့မိသားစုဒရမ်မာလေးရော၊ အက်ရှင်ခန်းအကြမ်းတွေရော ရောထားတဲ့ “Ramabanam” ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်ဗစ်ကီဟာ သူ့အစ်ကိုနဲ့ကတောက်ကဆဖြစ်ပြီးတဲ့နောက် ငယ်ငယ်ကတည်းက အိမ်ကနေ ကိုလ်ကာတာကို တစ်ယောက်တည်းထွက်လာတာဖြစ်ပါတယ် လက်ရဲဇက်ရဲနဲ့ ဗစ်ကီဟာ ကိုလ်ကာတာကိုရောက်ပြီး သိပ်မကြာခင်မှာတင် ဂူပတာဆိုတဲ့လုပ်ငန်းရှင်နဲ့တွေ့ပြီး အဲဒီလူကြီးအတွက် ရန်သူတွေကိုသတ်ဖြတ်ပေးရင်း၊ ရှင်းလင်းပေးရင်းနဲ့ပဲ နေရာတစ်ခုကိုရလာပြီး ချမ်းသာလာပါတယ် ဘိုင်ရာဗီကတော့ ဗစ်ကီရဲ့ချစ်သူပေါ့ ဘိုင်ရာဗီရဲ့မိဘတွေဟာဗစ်ကီ့ကို မိသားစုတွေနဲ့မိတ်ဆက်ပေးတော့မှ သဘောတူနိုင်မယ်လို့ပြောလာတဲ့အတွက် ဗစ်ကီတစ်ယောက် သူ့အစ်ကိုရှိတဲ့မြို့ကို ပြန်ရတော့တာပေါ့ဘယ်နေရာမဆိုစိတ်ဆတ်တတ်တဲ့ ဗစ်ကီနဲ့ အကျင့်စာရိုက်ချင်း တခြားစီဖြစ်တဲ့သူ့အစ်ကိုဟာ အမြဲတမ်း အကြမ်းမဖက်ဘဲအေးဆေးဖြေရှင်းတဲ့နည်းလမ်းကိုပဲလက်ကိုင်ထားတဲ့သူပါ ဗစ်ကီတစ်ယောက် သူ့ရဲ့ကြမ်းတမ်းတဲ့ပုံစံအစစ်အမှန်ကို သူ့အစ်ကိုမသိအောင် ဖုံးကွယ်ထားနိုင်ပါ့မလား၊ ညီအစ်ကိုနှစ်ယောက်ဘယ်လိုအခက်အခဲတွေကိုကျော်လွှားရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်