ဒီတစ်ခါမှာတော့ Naayaadiဆိုတဲ့ အိန္ဒိယ Mysteryကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။အာဒဟာ့ရှ်တို့သူငယ်ချင်းတွေဟာ ဓာတ်ပုံစတူဒီယိုတစ်ခု ထောင်ထားပြီး ယူကျူ့ဘ်မှာလည်းနာမည်ကြီးနေခဲ့တာပါ။တစ်နေ့ အဘိုးကြီးတစ်ယောက်ရောက်လာပြီး သူနှစ်ပေါင်း ၂၀၀သက်တမ်းရှိတဲ့ဘန်ဂလိုဟောင်းတစ်ခုမှားဝယ်မိပြီး ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာကြောင့်ပြန်ရောင်းထုတ်လည်းမရသလို စီးပွားရေးလည်းလုပ်စားမရတဲ့အတွက် ရောင်းထွက်အောင်ဓာတ်ပုံရိုက်ယူကျူ့ဘ်ပေါ်တင်ပေးဖို့ လာရောက်အလုပ်အပ်ခဲ့ပါတယ်။အဲ့တော့အာဒဟာ့ရှ်တို့သူငယ်ချင်းတစ်စုဟာ အဲ့ဘန်ဂလိုဟောင်းကြီးဆီသွားရောက်ခဲ့ပါတယ်။ရောက်ရောက်ချင်း ပထမဆုံးညမှာပဲ အဲ့အိမ်ကြီးက မူမမှန်တာတွေခြောက်လှန့်တာတွေ ရှိလာခဲ့ပါတယ်။နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်သွားမှာလဲ။သူတို့သူငယ်ချင်းတစ်စုအဲ့အိမ်အိုကြီးထဲက လွတ်မြောက်နိုင်ပါ့မလား။အဲ့အိမ်ကြီးရဲ့ရာဇဝင်က ဘယ်လိုလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။လောကကြီးထဲက မမြင်ရတဲ့ဖြေရှင်းလို့မရတဲ့ကိစ္စတွေရှိတယ်ဆိုတာ လက်ခံတဲ့လူတွေအတွက်တော့လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းကောင်းလေးပါ။