လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ၂ ယောက်က လော့စ်အိန်ဂျလိစ်မှာ ရှိနေတော့ ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အခက်ကြုံပါပြီ။ ဒါကြောင့် သူတို့ ၂ ယောက်ကို ရှင်းပစ်ဖို့ကြံပါတော့တယ်။ သူတို့ကိုရှင်းပစ်ချင်တာကတော့ ပရက်လို့ ခေါ်တဲ့ လက်နက် နဲ့ မူးယစ်ဆေးရာဇာကြီးပါ။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ ၂ ယောက်လုံးဆီ သတင်းအမှားတစ်ခုကို ပေးပြီး ထောင်ချောက်ဆင်ချလိုက်ပါတယ်။ အဲဒါနဲ့ တန်ဂိုနဲ့ ကက်ရှ်တို့ နာမည်လည်းပျက်တဲ့အပြင် ထောင်ပါကျသွားတာပေါ့လေ။ အဲဒီကနေ သူတို့ ၂ ယောက် နာမည်ဘယ်လိုပြန်အဖတ်ဆယ်မလဲ… မူးယစ်ဂိုဏ်းကို ဘယ်လိုပြန်လိုက်မလဲ… ဆိုတာကို အက်ရှင်ခန်းကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။