Olympus Has Fallen FHD

Olympus Has Fallen

Action Thriller FHD 2013-03-20 6.392 120 Min

Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီးလေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ကားကို သတိထား မောင်းနေပေမယ့်လဲ မထင်မှတ်ပဲ သမ္မတကြီးကားရှေ့ခန်းကို သစ်ပင် တစ်ပင် ကျိုးကျ ခဲ့ပြီး အရှိန်မထိန်း နိုင်ရာကနေသမ္မတကြီး စီးလာတဲ့ ကားဟာ တံတား ပေါ်က ပြုတ်ကျသွား ခဲ့ပြီးခက်ခဲတဲ့ အခြေ အနေကြောင့် အရေးကြီးတဲ့ သမ္မတကြီးကိုပဲကယ်တင် နိုင်ပြီး သမ္မတ ကတော်ကို ဆုံးရှုံးခဲ့ ရပါတယ်။မိန်းမကို ဆုံးရှုံးခဲ့ရပြီး စိတ်ထိခိုက် သွားတဲ့ သမ္မကြီးဟာဆုံးဖြတ်ချက် အမှားတစ်ခုကို ချခဲ့မိပါတယ်။ ဒါကတော့ Mike ကိုလုံခြုံရေး ခေါင်းဆောင် ရာထူးကနေ အနားပေး လိုက်ပါတယ်။18 လ အကြာမှာတော့ တောင်ကိုရီးယား ဝန်ကြီးချုပ်နဲ့ သမ္မတို့အိမ်ဖြူတော်မှာ တွေ့စုံ စကားပြော နေတဲ့ အခိုက် သမ္မတကြီးရဲ့လုံခြုံရေး ခေါင်းဆောင် အသစ်နဲ့ တောင်ကိုရီးယား ဝန်ကြီးချုပ်လုံခြုံရေးခေါင်းဆောင်တို့ ပူးပေါင်းပြီး အိမ်ဖြူတော်ကို စတင် သိမ်းပိုက် လိုက်ပါတယ်။အကွက်ကျကျ စီစဉ်ထားပြီး ရုတ်တရပ် တိုက်ခိုက်တဲ့ အတွက်အိမ်ဖြူတော်က လုံခြုံရေးတွေ အငိုက်မိ သွားကြပါတယ်။အိမ်ဖြူတော် တိုက်ခိုက် ခံနေရတဲ့ သတင်းကို Mike တစ်ယောက်ကြားတော့ ချက်ခြင်း ရောက်လာပြီး အိမ်ဖြူတော်လုံခြုံရေး ဘက်ကဝင်ရောက် ကူညီပေးရာကနေ အိမ်ဖြူတော်ထဲမှာ သူတစ်ယောက်ထဲအသက်ရှင်လျှက် ပိတ်မိ နေပါတော့တယ်။ သမ္မတကြီး အသက်နဲ့ချိန်းခြောက်လို့ အင်အားသုံးပြီး အိမ်ဖြူတော်ကို ပြန်သိမ်းလို့ မရတဲ့ အတွက်နောက်ဆုံး မျှော်လင့်ချက် အနေနဲ့ Mike ကိုပဲ အတွင်းမှာပြန်လည် တိုက်ခိုက် ပေးဖို့ ဒုသမ္မတက အမိန့်ပေးလိုက်တဲ့ အခါမှာMike တစ်ယောက် တာဝန်ကျေ ပါ့မလား ဆိုတာ…