Barbie in A Mermaid Tale 2 FHD

Barbie in A Mermaid Tale 2

Family Animation FHD 2012-02-22 6.991 74 Min

ကိုယ့်ရဲ့ရေသူမဘဝကို လက်ခံနိုင်သွားတဲ့ Merliah ကတော့ ကုန်းပေါ်မှာရောရေထဲမှာပါ ဆယ်လီဖြစ်နေပါပြီ။ လူတစ်ဝက် ရေသူမတစ်ဝက်မို့လို့ ရေအောက်မှာထီးနန်းဆက်ခံဖို့လည်း မဖြစ်သလို Merliah ကလည်း နန်းတက်ဖို့စိတ်မဝင်စားဘဲ ဝါသနာပါတဲ့ Surfer အလုပ်ကိုပဲ ဆက်လုပ်နေဖြစ်တာပါ။ Surfing သက်တမ်းတစ်လျှောက် “Queen of the Waves” လို့တင်စားခံလာရတဲ့ Merliah တစ်ယောက် … ဒီတစ်ခါ Second movie မှာတော့ ပြိုင်ဘက်တစ်ယောက် ရလာပါတယ်။ Merliah လည်း Kylie Morgan ကို ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲကြီးမှာမရရအောင်ချိုးဖို့ပြင်ထားတာပေါ့။ ဒါပေမယ့် ရေအောက်မှာတော့ Merliah အမေက နန်းလွှဲရမယ့်လူမရှိဘဲ သူပဲနန်းပြန်တက်ရမှာမို့ နန်းတက်ပွဲအတွက် Merliah ကို ပြိုင်ပွဲတစ်နှစ်အောက်စေချင်နေပါတယ်။ တစ်သက်လုံးကြိုးစားလာလို့ နေရာတစ်ခုရောက်နေတဲ့ Merliah ကလည်းထီးနန်းကိစ္စတွေကြောင့်နဲ့ ပြိုင်ပွဲကိုအအောက်မခံနိုင်ပါဘူး။ ဒီအခြေအနေတွေအားလုံးကို စောင့်ကြည့်နေတဲ့ ငါးတစ်ကောင်ကတော့ Merliah ကိုမနာလိုတဲ့ Kylie ကိုအသုံးချပြီး Eris ကို လွှတ်ပေးဖို့ကြိုးစားတာ အောင်မြင်သွားပါတော့တယ်။ Merliahလည်းရှိမနေတဲ့ နန်းတက်ပွဲနေ့ကွက်တိမှာမှ Eris တစ်ယောက် ပြန်လွတ်လာတဲ့အခါမှာတော့ …