Murder Syndicate FHD

Murder Syndicate

Crime Thriller FHD 2023-06-13 2 99 Min

အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကိုသားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာမရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာအနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီးသူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကိုရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။