Ayothi HD

Ayothi

Drama Family HD 2023-03-03 6.5 121 Min

အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ…?ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစု ဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ်ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်… သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ်ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား…ကိုယ်ချင်းစာနာစိတ်‌ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်