Steve Wolsh ရိုက်ကူးထားတဲ့ Horror အကြမ်းစားကားပါ။ Audra တို့သူငယ်ချင်းသုံးယောက် ၀ယ်ထားတဲ့အိမ်အသစ်မှာ ညအိပ်ကြချိန်မှာဖြစ်ပျက်ကုန်တာကိုရိုက်ကူးထားပါတယ်။ အဲဒီအိမ်မှာအရင်က မိသားစုတစ်ခု ရူးပြီးသေသွားကြတဲ့ ရာဇ၀င်ရှိပါတယ်။ Audra တို့သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးသောက်စားနေတဲ့အချိန်မှာ အမည်မသိသတ္တဝါတစ်ကောင်က လာတိုက်ခိုက်တဲ့အခါမှာ သွေးသံရဲရဲနဲ့ တွန်းလှန်ကြပုံကိုကြည့်ရှုရမှာပါ။ သွေးထွက်သံယိုတွေရော အဖော်အချွတ်တွေရောပါတဲ့အကြမ်းစားကားလေးပါ။