ဒီကားကတော့လူမဲတွေရဲ့ ရပ်ကွက်ထဲကအထာတွေ စရိုက်တွေအကြောင်းရိုက်ထားတာပဲဖြစ်ပါတယ်။ Zaireတစ်ယောက်သူ့ပထွေးသူ့အမေကိုရိုက်နေတာမြင်တော့စိတ်မထိန်းနိုင်ပဲသူ့ပထွေးကိုပစ်သတ်မိသွားပါတယ်။ သူ့အမေကသူ့ကိုထောင်မကျစေချင်တာကြောင့်သူအဖိုးရှိတဲ့Houston ကိုပြေးခိုင်ပါတယ်။ မြင်လဲမမြင်ဖူး အဆက်အသွယ်လဲမရှိတဲ့အဖိုးကို Zaire တစ်ယောက်ရှာတွေ့မှာလားသူ့အဖိုးကဘယ်လိုလူမျိူးလဲ ဘာအလုပ်လုပ်တဲ့သူလဲ သူ့ကိုရောကြိုဆိုမှာလားဆိုတာတွေကို ကြည့်ရှုရမယ့် ကားလေးပဲဖြစ်ပါတယ်။