ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီးIMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက်ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်းနေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးကငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလိုအကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါကတော့စက်ရုပ်မြို့တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ်ဆိုတဲ့ စက်ရုပ်ကြီးနဲ့ တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူတွေဘာလိုအပ်နေလဲဆိုတာ အမြဲရှာဖွေပြီး ဖြည့်ဆည်းပေးတတ်တဲ့သူဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီးပေါ့။အဲဒီလိုနဲ့ ရော့ဒ်နီတစ်ယောက် သူ့အိပ်မက်ကိုပုံဖော်ဖို့ မြို့တော်ကိုတက်ပြီး ဘစ်ဝဲဒ် တည်ထောင်ထားတဲ့ ကုမ္ပဏီကို သွားတွေ့ရာမှာသူထင်ထားသလို ဖြစ်မနေဘဲ ဘစ်ဝဲဒ်ရဲ့နေရာကို ရက်ချက်ဆိုတဲ့စက်ရုပ်က အစားထိုးဝင်နေတာ တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်တွေပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီးupgradeစက် အသစ်တွေကို ဈေးတင်ရောင်းဖို့ပါပဲ။ သူ့စက်တွေ ရောင်းရဖို့ စက်ရုပ်အဟောင်းတွေ ပျက်စီးနေတဲ့စက်ရုပ်တွေကိုပါဒိတ်အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီးနေသူပါ။ဒါကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်တွေကို ကိုယ်ထူကိုယ်ထကူညီပေးတဲ့ စက်ရုပ်လေးဖြစ်လာခဲ့ပြီး မြို့တော်ကြီးမှာ နာမည်ရလာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ရော့ဒ်နီနဲ့ လောဘကြီးတဲ့ ရက်ချက်တို့ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။