Spirit of Fear FHD

Spirit of Fear

Horror FHD 2023-07-31 4.9 78 Min

ဒီဇာတ်ကားကထွက်ဖူးသမျှကားတွေထဲမှာ တော်တော်ထူးဆန်းတဲ့ Horror ကားပဲဖြစ်ပါတယ်။A Quiet Place တို့လိုအသံတိတ်တိတ်နေရပြီးစကားမပြောရတဲ့ဇာတ်ကားတွေတောင်မှ ဒီထက်ပိုပြောရပါသေးတယ်။ဒီမှာကတော့စကားတွေပြောနေတာကို အာရုံစိုက်နေရတာထက် ဘယ်သူမှမရှိတဲ့ အိမ်တစ်အိမ်ထဲမှာ လက်မှာသွေးတွေစွန်းပြီး နိုးလာခဲ့တဲ့ လူတစ်ယောက်ကဘာလို့သူအဲ့လို သွေးတွေစွန်းပြီးနိုးလာရတာလဲ။ အိမ်ထဲမှာရော ဘာလို့ဘယ်သူမှမရှိတာလဲ။အပြင်ရော ဘာလို့သွားလို့မရတာလဲ။ခြောက်ခြားစရာအဖြစ်အပျက်တွေရော ဘာလို့ဖြစ်နေရတာလဲ။အဲ့ဒီအိမ်ထဲမှာ သော့နဲ့ပိတ်ထားတဲ့မီးခံသေတ္တာတစ်လုံးကရော ဘာလို့ရှိနေရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာကိုသူတစ်ယောက်တည်း အိမ်ထဲမှာလျှောက်သွားပြီးတော့ အဖြေရှာနေပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။