The Valley of the Sacred King FHD

The Valley of the Sacred King

Unknown FHD 2023-09-22 9 92 Min

သင်္ချိုင်းဖောက်ထွင်းဆရာကြီး ဟူပါးရီးက ဒီတစ်ခါတော့အရှေ့တောင်အာရှကရှေးဟောင်းဘုရင်သင်္ချိုင်းတစ်ခုကိုရောက်လာခဲ့ပါတယ်။သူတို့ရောက်လာတဲ့အကြောင်းအရင်းတော့ သင်္ချိုင်းထဲကရတနာတစ်ခုဟာသူတို့မိနေတဲ့အဆိပ်ကိုဖြေနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ပဲရောက်လာခဲ့ကြပါတယ်။ဒါပေမယ့် သင်္ချိုင်းထဲမှာညီကိုတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက်ဟူပါးရီးဟာသူ့ကိုယ်သူအပြစ်တင်ပြီး စိတ်ဒဏ်ရာကိုမကျော်ဖြတ်နိုင်ဘူးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ ဝမ်ခိုင်ရွှမ်ကို စကော့ထ်ဆိုတဲ့နိုင်ငံခြားသားတစ်ယောက်ကအတင်းခေါ်သွားခဲ့တဲ့အတွက်ဟူပါးရီးနဲ့ ယန်ရွှယ်လိတို့ကဝမ်ခိုင်ရွှမ်ကိုလိုက်ကယ်ရတော့တာပေါ့……ဝမ်ခိုင်ရွှမ်ကိုကယ်တင်ရင်းဘာတွေကြုံတွေရမလဲဆိုတာသင်္ချိုင်းဖောက်ထွင်းရတနာသိုက်ရှာတဲ့ကားဆိုတဲ့အတိုင်းထူးဆန်းဖြစ်ရပ်တွေအပြည့်နဲ့မလို့ ဆက်ပြီးကြည့်လိုက်ပါဦးနော်…