Evinced HD

Evinced

Fantasy Thriller Science Fiction HD 2022-02-14 5 0 Min

ဒီ thriller/ Sci-Fi ဇာတ်လမ်းလေးကိုတော့ ဒါရိုက်တာ Richeler Aladinကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမည်မသိလူတစ်ယောက်ဟာ လိုင်းပေါ်မှာသွေးထွက်အောင်မှန်တဲ့ ဟောကိန်းတွေကိုတင်ပြီးနာမည်ကြီးနေပါတယ်။ အဲဒီလူခန့်မှန်းလိုက်တိုင်း ဒုစရိုက်မှုတွေဖြစ်နေလို့သူဟာ ဒုစရိုက်မှုတွေရဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့သူလို့ ထင်ပြီး စုံထောက်‌တွေဖြစ်ကြတဲ့ မယ်လ်ကွန်၊ ၀က်လ်လေ၊ ရေး တို့က‌ ‌ဒီကိစ္စကိုလိုက်ကြပါတော့တယ်။ ဟောကိန်းတွေထုတ်ပြီး နာမည်ကြီးနေတဲ့သူကတော့ အက်ရှ်တွန် ပါ။ သူဟာ အနာဂတ်ကနေ လာခဲ့တာဖြစ်ပြီး အတိတ်ကအရာတစ်ချို့ကို ပြောင်းလဲဖို့ ပြန်လာခဲ့တာပါ။ အဲဒီနောက်တော့ သူအတိတ်ကိုပြောင်းလဲဖို့အတွက် မယ်လ်ကွန်၊၀က်စ်လေ တို့ရဲ့အကူညီကိုယူရဖို့ဖြစ်လာပါတော့တယ်။ အက်ရှ်တွန်က မယ်လ်ကွန် တို့ရဲ့အကူအညီနဲ့ တကယ်ပဲအတိတ်ကိုပြောင်းလဲနိုင်မှာလား၊ သူလာခဲ့တဲ့အချိန်ကာလမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်‌ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။