Sins of the Father HD

Sins of the Father

Horror HD 2022-10-22 4 102 Min

ဆာရာနဲ့ အေဒန်တို့သားအမိနှစ်ယောက်ဟာဆိုရင် စွန့်ခွာခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်နေတဲ့ အေဒန့်ဖခင်ဖြစ်သူနဲ့အတူ သူတို့တွေ အရင်ကနေထိုင်ခဲ့တဲ့အိမ်ကြီးကို အေဒန့်ဖခင်ဖြစ်သူသေဆုံးအပြီးမှာ ဆာရာတစ်ယောက်အေဒန်နဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါတယ်။ အဲဒါဟာလည်း ဆာရာတစ်ယောက်ငွေလိုအပ်နေလို့ အိမ်ရောင်းချဖို့အတွက် အပြီးသတ်လုပ်စရာလေးတွေလုပ်ဖို့ ပြန်လာခဲ့ရတာပါ။ ရောက်ရောက်ချင်းမှာပဲ အိမ်တံခါးဝရှေ့မှာ အစားအသောက် ခြင်းတောင်းလေးချထားတာကို ဆာရာတစ်ယောက် ထူးဆန်းစွာနဲ့ပဲ အထိတ်တလန့်ဖြစ်ပြီးအေဒန့်ကို အိမ်ထဲအတင်းဝင်ခိုင်းခဲ့ပါတယ်။ အဲဒီလိုနဲ့နောက်တစ်ရက်မှာ အိမ်ကူရှင်းပေးကြဖို့ဆိုပြီး ဆာရာ့သူငယ်ချင်းတွေနဲ့ အေဒန့်အရွယ်ကောင်မလေးတစ်ယောက်ပါ ရောက်လာခဲ့ကြတာပေါ့။ ရောက်ပြီးသိပ်မကြာခင်မှာပဲ အနီးအနားပတ်ဝန်းကျင်က လူကြီးတစ်ယောက်နဲ့ သားဖြစ်သူစကားပြောနေတာကိုတွေ့ပြီး ဆာရာတစ်ယောက် အထိတ်တလန့်ထပ်ဖြစ်ရပြန်ပါတယ်။ဘာလို့များ ဆာရာတစ်ယောက် ဒီလိုမျိုးထိတ်လန့်တကြားတွေဖြစ်ဖြစ်နေရတာလဲ။ သူတို့ကိုအန္တရာယ်ပြုနိုင်မယ့်အရာတွေများ ရှိနေတာလား။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကရော ဘယ်အကြောင်းကိစ္စတွေကြောင့် ဆာရာဟာ အေဒန့်ကိုခေါ်ပြီးအဝေးကိုထွက်သွားခဲ့ရတာလဲ။ ဆာရာတစ်ယောက် အေဒန်မသိအောင် ဘာတွေကိုများ လျှို့ဝှက်ချက်အနေနဲ့ ထားထားနေတာလဲဆိုတာကိုတော့ ဒီကားလေးကြည့်ပြီးဆက်လက်အဖြေရှာကြည့်ကြည့်လိုက်ပါ။