Dark House FHD

Dark House

Horror Thriller FHD 2014-03-14 5.077 102 Min

ဒီဇာတ်ကားထဲမှာတော့ လူတစ်ယောက်ယောက်ကို ထိကိုင်လိုက်တာနဲ့ သူတို့ရဲ့အသေဆိုးနဲ့ သေဆုံးမှုတွေကိုမြင်နိုင်တဲ့ နစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့မှာရိုင်ယန်လို့ ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ဘားမှာတွေ့ခဲ့တဲ့ အီဗီဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုက်ပြီး ကိုယ်ဝန်ရပြီးတဲ့အထိတောင် သူတို့သုံးယောက်က အတူတူနေနေကြတုန်းပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့စိတ်ရောဂါဝေဒနာရှင် အမေကဆုံးပါးသွားခဲ့ပြီး သူ့အတွက်သေတမ်းစာထဲမှာ အိမ်တစ်လုံးချန်ထားပေးခဲ့ပါတယ်။အဲ့ဒီအိမ်က နစ်ခ်ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ဆွဲလာတဲ့အိမ်ပုံတွေနဲ့တစ်ပုံစံတည်းဖြစ်နေပါတယ်။ဒီလိုနဲ့ နစ်ခ်တို့ သုံးယောက် အဲ့ဒီအိမ်ရှိရာကိုသွားခဲ့ကြပါတယ်။ဒါပေမယ့် အဲ့ဒီအိမ်မှာ သူတို့သုံးယောက်ကို မမျှော်လင့်ထားတဲ့အရာတွေနဲ့ မမျှော်လင့်ထားတဲ့ လူတွေစောင့်နေခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ဖြဲမခြောက်တဲ့Horror ကားပဲဖြစ်ပါတယ်။