အသေအလဲ ခွီနေရမယ့် ဟာသကားကောင်းလေး တစ်ကားလာပါပြီ။ဟာသကားဆိုပေမဲ့ ဇာတ်လမ်းပုံစံ ရိုက်ထားတာမျိုးမဟုတ်ပဲ ဇာတ်ညွန်းတော့ပါပြီးတကယ့်အပြင်ကလူတွေကို ချောင်းရိုက်ကင်မရာ ပေါင်းစုံနဲ့Prank တွေလုပ်နောက်ပြောင်ပြီးတော့ ဇာတ်လမ်းသွားပုံစံ လုပ်ထားတာပါ။Jackass ဆိုတာ တခြားလူတွေမလုပ်ကြတဲ့ အန္တရာယ်လည်းများတဲ့ပေါက်ကရစတန့်ပေါင်းစုံတွေလုပ်ပြီး နာမည်ကြီးတဲ့ငပြောင်အုပ်စုပါ မကြည့်ဖူးရင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဒီကားထဲမှာတော့ Jackass ထဲ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့Johnny Knoxville က အသက် ၈၀ ကျော် အဖိုးကြီးတစ်ယောက်လိုမိတ်ကပ်တွေနဲ့ ပြင်ဆင်ပြီး လူတွေကို လိုက်ဖောက်ထားတာပါ(အော်စကာတောင် စကာတင် ဝင်ခဲ့ပါသေးတယ် ဘယ်လောက်ပီပြင်သလဲဆို)။Johnny Knoxville က ဂျက်ကီချမ်းတို့ အာနိုးတို့နဲ့လည်း ရုပ်ရှင်တူတူတွဲရိုက်ဖူးပါတယ်။သူ့ရဲ့ဇာတ်လမ်းလေးကတော့ အသက် ၈၀ ကျော် အဖိုးကြီးနှစ် ၄၀ ကျော် မိန်းမဖြစ်သူနဲ့ မလွတ်လပ်ခဲ့ရတာကို မိန်းမဆုံးသွားတော့လူပျို ဖြစ်ပြီး ပျော်နေတဲ့အချိန် သမီးဖြစ်သူက ဆေးမှုနဲ့ထောင်ထဲ နောက်တစ်ခါ ဝင်ရမှာမို့ သားဖြစ်သူ သူ့မြေးကိုဖအေဆီ ပို့ပေးပါဆိုပြီး လာအပ်သွားလို့ မြေးအဖိုးနှစ်ယောက်ကားတစ်စီးနဲ့ Roadtrip ထွက်ရင်း လမ်းတစ်လျှောက် တွေ့သမျှလူတွေကိုPrank တွေလုပ်သွားတာကို ရှယ်ရယ်ရမယ့်ကားပါ။ပြောင်ကြတာတွေဆို အတော်ဆိုးပါတယ် စိတ်မရှည်တဲ့လူဆိုထထိုးမိမယ့်အပေါက်တွေပါ ပြီးတော့ မြေးဖြစ်သူနေရာကကလေးကလည်း မထင်မှတ်ရလောက်အောင်ရုပ်တည်ကြီးနဲ့ လိုက်လိုက်ဖောက်တာကို သဘောကျမိပါတယ်(မိန်းကလေးလိုဝတ်ကဲတာဆို အကြမ်းဆုံးပဲ)။ဒါပေမဲ့ ဇာတ်ကားမကြည့်ခင် တစ်ချပ်သတိပြုစေလိုတာကအဖိုးကြီးတစ်ယောက်က လိုက်ရိုင်းစိုင်းနေတာမျိုးဖြစ်တဲ့အတွက် စကားလုံးတွေ အသေကြမ်းပါတယ်ပရမ်းပတာ ပြကွက်တွေပါပါတယ်အဲဒါကြောင့် အိပ်ရာပေါ်ကအခန်း မပါပေမဲ့လည်းကလေးသူငယ်တွေနဲ့ လူကြီးမိဘတွေရှေ့တော့ သတိထားကြည့်စေလိုပါတယ်။သုံးထားတဲ့ဘန်းစကားတွေက သောက်ရမ်းတွေလန်းပြီးဆီလျော်အောင် အတတ်နိုင်ဆုံး ဘာသာပြန်ထားတာကြောင့်အမှားရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောရင်း အားပေးလိုက်ကြပါဦးဗျ။