ရဲလိုးစတုန်းကောင်းဘွိုင်စီးရီးရဲ့ မူလဇာစ်မြစ်ကြောင်းကို ပြန်ရိုက်ထားတဲ့“1883”စီးရီးကို (2021)ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အခုဟာကတော့“1883”စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ သရုပ်ဆောင်တွေကိုအင်တာဗျူးထားတာတွေပါ။ ဒီထဲမှာဆိုရင် “1883”လို စီးရီးကောင်းတစ်ခုရလာဖို့ ဇာတ်ကောင်နေရာအတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ရပုံတွေ၊ရိုက်ကူးရေးအဖွဲ့သားတွေ ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရပုံတွေအပြင် သရုပ်ဆောင်တွေရဲ့ ဒီဇာတ်ကားအပေါ်ထားတဲ့ခံစားချက်တွေကိုပါ ကြည့်ရှုရမှာပါ။ ရဲလိုးစတုန်းဖန်တွေ၊ “1883”ဖန်တွေအတွက် အလွမ်းဖြေစရာလေးဖြစ်ပါလိမ့်မယ်။ တကယ်ကောင်းတဲ့ စီးရီးတွေဖြစ်ပြီး CMမှာလည်း တင်ဆက်ပေးထားတာမို့လို့ မကြည့်ဖူးသေးတဲ့သူတွေကိုလည်း ကြည့်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။