ရမ်ဟာ ဆရာဝန်တစ်ယောက်ဆိုပေမဲ့ လူနာတွေကို ဂူဂဲလ်ခေါက်ပြီးကုနေတဲ့ ရမ်းကုတစ်ယောက်ဖြစ်ပါတယ်။သူဟာ သူ တာဝန်ကျတဲ့နေရာက ခွဲစိတ်ဆရာဝန်မလေးကို မြင်မြင်ချင်းကြွေဆင်းသွားခဲ့ပြီး နှစ်ဦးနှစ်ဖက်မေတ္တာမျှခဲ့ကြပေမဲ့ ဆရာဝန်မလေးရဲ့အဖေက သူ့သမီးကို ဝန်ကြီးချုပ်ရဲ့သားနဲ့ ပေးစားဖို့ပြင်ဆင်လာတဲ့အပြင်နောက်ထပ် မိန်းမလှလေးနှစ်ယောက် ထပ်ပေါ်လာချိန်မှာတော့ လေးပွင့်ဆိုင်Triple Riding ဇာတ်လမ်းသွားလေး ဖြစ်ပေါ်လာခဲ့ပါတယ်။လောင်ရတာတွေ ကြည့်ရတာများလို့အီနေတဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးခံစားလို့ရမယ့် ၂ နာရီကျော်စာ အချစ်ဟာသဇာတ်မြူးလေးဖြစ်ပါတယ်…။