ကျွမ်းကျင်ပညာရှင်သက်တော်စောင့်တွေရဲ့ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ထုံစုန်းဟာ ပညာရှင်အဆင့် သက်တော်စောင့်ကုမ္ပဏီတစ်ခုထောင်ထားပါတယ်။ကံမကောင်းအကြောင်းမလှတော့ စားဝတ်နေရေးအတွက်Live လွှင့်စျေးရောင်းပြီး သက်တော်စောင့်ကုမ္ပဏီကိုကြော်ငြာနေရပါတယ်။သက်တော်စောင့်အလုပ်ကအလုပ်မရတော့ တစ်သက်လုံးစျေးပဲရောင်းစားရတော့မှာလားဆိုပြီး လမ်းတွေပျောက်နေတဲ့အချိန်မှာအမည်မသိအလုပ်အပ်စာတစ်ခုရောက်လာပါတယ်။သူတို့စောင့်ရှောက်ပေးရမယ့်သူက သူတို့ကုမ္ပဏီကအန်းနင်ရဲ့ညီမလေးဖြစ်နေတော့ စရံမရလဲ စောင့်ရှောက်ရပြီပေါ့။အဖေဆုံးသွားပြီးကတည်းက အန်းနင်တို့ညီအစ်မကြားမှာအဖုအထစ်လေးတွေရှိခဲ့တယ်။ အမည်မသိအလုပ်အပ်သူကြောင့်သူတို့ညီအစ်မနှစ်ယောက်ကြားကအဖုအထစ်လေးတွေတဖြည်းဖြည်းပြေလာနိုင်မလား…..ဘယ်သူကများ ဘိုးဘွာရိပ်သာမှာလုပ်အားပေးနေတဲ့ကောင်မလေးကို ဘာကြောင့်သတ်ချင်ရတာလဲ……အမည်မသိအလုပ်အပ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ……