Poultrygeist: Night of the Chicken Dead HD

Poultrygeist: Night of the Chicken Dead

Comedy Horror HD 2006-12-26 5.944 103 Min

၁၈ နှစ်အောက်မကြည့်ကြပါနဲ့၊ ထမင်းစားရင်း မကြည့်ကြပါနဲ့)Troma Entertainment ဆိုတာက ဘတ်ဂျတ်နည်းနည်းIndependent ရုပ်ရှင်မျိုးတွေ ထုတ်ပေးတဲ့ ကုမ္ပဏီပါ။သူ့ဆီက ထွက်လာတဲ့ကားတွေက လူကြီးတွေအတွက်သာ ရည်ရွယ်ထားပြီး၁၉၅၀ ခုနှစ်စတိုင် Horror-Comedy တွေဖြစ်ပြီးသွေးသံတရဲရဲ သတ်တာဖြတ်တာ ပါမယ်ကိုယ်လုံးတီးတွေ ဗုံးဗောလအောပါမယ်သောက်တလွဲဇာတ်လမ်း ဇာတ်ကောင်တွေ ပါမယ် ဒါ သူ့ ထူးခြားမှုပေါ့။သူတို့ဆီက ရုပ်ရှင်တွေကြည့်မယ်ဆို ယုတ္တိဆန်တာတွေတွေးခေါ်တာတွေ အကုန်မေ့ပစ်လိုက်ပါဘာလို့လဲဆိုတော့သူတို့ကားတွေက Fuk-up ဖြစ်ပြီး သောက်ဆန်းတွေမို့လို့ပါ။သူတို့ဆီက နာမည်ကြီးကား ၁၉၈၄ ထွက် Toxic Avenger ကိုတောင်ဒီနှစ်ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Elijah Wood တို့Kevin Bacon တို့ Peter Dinklage တို့နဲ့ပြန်ရိုက်ကူးထားပြီး သိပ်မကြာခင် ထွက်ရှိလာတော့မှာပါ။ကဲ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့အစကတည်းက သောက်တလွဲပါပဲ။အာဘီဆိုတဲ့လူငယ်လေးက သူနဲ့ သူ့ကောင်မလေးတို့အင်ဒီးယန်းသချိုင်းကြီးပေါ် ချစ်ရည်လူးခဲ့ရာမှာမအောင်မြင်ခဲ့လို့ တစ်နှစ်ကြာတော့ အလွမ်းပြေအနေနဲ့ သွားကြည့်ရာမှာအလွယ်စား ကြက်ကြော်ဆိုင်ကြီး ဖြစ်နေပါပြီအရှေ့မှာလည်း ခရိုနီတွေကို ဆန့်ကျင်ဖို့ရယ် အင်ဒီးယန်းတွေအတွက်ကြက်တွေအတွက် ဆန္ဒပြပွဲကြီးလည်း ရှိနေပါတယ်။အဲဒီထဲမှာ သူ့ ချစ်သူဝန်ဒီ ပါနေပြီး သစ္စာမဖောက်ဘူးပြောထားပေမဲ့ Lesbianတစ်ယောက် ဖြစ်လို့ နေခဲ့ပါပြီ။ဒီဟာကို စိတ်နာပြီး အာဘီတစ်ယောက် ရွဲ့ပြမယ်ဆိုပြီးဒီ ကြက်ကြော်ဆိုင်မှာ အလုပ်ဝင်လုပ်ပါတော့တယ်။ဒီအချိန်မှာပဲ ဒီ ကြက်ကြော်ဆိုင်ဟာ အင်ဒီးယန်းသချိုင်းပေါ်တည်ဆောက်ထားတဲ့အတွက်အင်ဒီးယန်းဝိဉာဉ်တွေဟာ ကြက်ကြော်ဆိုင်က ကြက်တွေကို ဝင်ပူးပြီးတွေ့သမျှ အကုန်သတ်ဖြတ်ကြတဲ့ အခါမှာတော့အာဘီတစ်ယောက် ချစ်သူနဲ့ သူကိုယ်တိုင်အသက်ရှင်သန်ဖို့ရုန်းကန်ရပါတော့တယ်။