ဇာတ်လမ်းအကျဉ်းကတော့… ဆဘတ်စ်ရှန်ဟာအနုပညာလောကမှာ အောင်မြင်မှုရအောင်ကြိုးစားနေတဲ့ ဒါရိုက်တာ၊ ပန်းချီဆရာပါ။ suicide လုပ်တဲ့ကိစ္စတွေစိတ်၀င်စားတတ်ပြီး ပါးစပ်ကလည်း အမြဲထုတ်ပြောတတ်ပါတယ်။ဆေးစွဲပြီး စိတ်ဓာတ်ကျနေတဲ့ ဆဘတ်စ်ရှန်တစ်ယောက် တစ်နေ့တော့ ဂေးတို့ပျော်စံရာလို့နာမည်ကြီးတဲ့ nudist ကမ်းခြေကို ရောက်သွားပါတယ်။ အဲဒီမှာ ဆိုရှယ်အင်ဖလူရန်ဇာ ဂျော်ဒန်ဖတ်စ်မန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီကစလို့ သူတို့နှစ်ဦး ပရောဂျက်တစ်ခု အတူလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီပရောဂျက်ကို ဆဘတ်စ်ရှန်ရဲ့အိမ်မှာ အတူလုပ်ကြဖို့ စီစဉ်ထားပါတယ်။ ပရောဂျက်အလုပ်စဖို့ ဂျော်ဒန်ရောက်လာချိန်မှာတော့ ဆဘတ်စ်ရှန်တစ်ယောက် အိမ်မှာမရှိဘဲ ထူးဆန်းစွာပျောက်ဆုံးနေတဲ့အခါ…။*** ဇာတ်လမ်းမှာ nudist beach က ဇာတ်၀င်ခန်းတွေနဲ့ မိသားစုအတူမကြည့်သင့်တဲ့ ဇာတ်၀င်ခန်းနည်းနည်း ပါ၀င်တဲ့အကြောင်း ကြိုတင်သတိပေးထားပါရစေ။ ***