ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကိုလက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံးအလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရောဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး……