ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ “Dirty Hari” ဆိုတဲ့အိန္ဒိယကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဟာရီဟာ အမြဲတမ်းဘဝမှာအောင်မြင်ချင်ပြီးတော့ကောင်းကောင်းမွန်မွန်နေထိုင်ချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်ဟာရီဟာစစ်တုရင်ကလပ်ကနေပြီးတော့ အာကတ်ရှ်နဲ့ရင်းနှီးသွားခဲ့ပြီး နောက်ပိုင်းမှာ အာကတ်ရှ်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ အာကတ်ရှ်ရဲ့ ဦးလေး၊ အဒေါ်၊ညီမဝမ်းကွဲဗာဆူဒါနဲ့ပါ ခင်မင်သွားခဲ့ပါတယ် ဟာရီဟာ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ဗာဆူဒါ့ကိုသာရရင် သူ့ဘဝကြီးလုံးဝကို ပြောင်းလဲသွားမယ်ဆိုတာကိုအသေအချာသိပါတယ် သူတွက်ထားတဲ့အတိုင်းလည်း ဗာဆူဒါဟာ သူ့ကိုချစ်မိသွားပြီးတော့ လက်ထပ်ဖို့အထိ ဖြစ်လာခဲ့ပါတယ် ဒါပေမယ့်ပြဿနာက ဟာရီဟာဗာဆူဒါ့ကိုချစ်တာမဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင်မော်ဒယ်မလေး ဂျက်စမင့်ကိုပဲ ခံစားချက်ရှိနေတာပါဂျက်စမင်နဲ့ ဗာဆူဒါ့ကြားမှာ ဗျာများနေတဲ့ဟာရီတစ်ယောက် ဘယ်လိုပြဿနာတွေဖြစ်လာဦးမလဲ၊ဟာရီတစ်ယောက် နောက်ဆုံးဘယ်လိုရွေးချယ်မှုကိုလုပ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်