Adiyae! HD

Adiyae!

Comedy Science Fiction Romance HD 2023-08-25 7 139 Min

သိပ္ပံစိတ်ကူးယဉ်ရော၊ အချစ်ဇာတ်လမ်းလေးရော ပေါင်းစပ်ထားတဲ့ “Adiyae” ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဂျီဗာဟာဆိုရင် ဟိုးငယ်ငယ်ကလေးဘဝကျောင်းမှာကတည်းက ဆန်သာဟီနီဆိုတဲ့ကောင်မလေးကို သဘောကျခဲ့တာဖြစ်ပါတယ်ဒါပေမယ့်သူချစ်နေတာကိုတော့ ပွင့်ပွင့်လင်းလင်း ဝန်မခံနိုင်ခဲ့ပါဘူး ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ ဆန်သာဟီနီကနာမည်ကြီးတဲ့အဆိုတော်ဖြစ်လာခဲ့ပေမယ့်ဂျီဗာကတော့ သာမန်ရုန်းကန်နေရတဲ့သူတစ်ယောက်ပဲဖြစ်နေသေးတဲ့အတွက် ဝန်ခံဖို့ဆိုတာ ပိုပြီးအလှမ်းဝေးသွားခဲ့ပါတယ်ဒါပေမယ့်ဂျီဗာ့ဆီမှာမထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် အဲဒါကတော့ ဂျီဗာဟာ ဆန်သာဟီနီနဲ့ပေါင်းဖက်နိုင်ခဲ့တဲ့ အပြိုင်ကမ္ဘာကိုရောက်သွားခြင်းပဲဖြစ်ပါတယ် သူ့ရဲ့စိတ်ကူးအိပ်မက်တွေအားလုံး အကောင်အထည်ဖော်ပြီး အချစ်ရေးမှာလည်းအောင်မြင်သွားတဲ့ ကမ္ဘာကြီးပေါ့ဂျီဗာတစ်ယောက် ဒီအပြိုင်ကမ္ဘာထဲကို ဘယ်လိုလုပ်ရောက်သွားခဲ့တာလဲ၊ အပြိုင်ကမ္ဘာနဲ့ကွာခြားလွန်းနေတဲ့ လက်တွေ့ကမ္ဘာက သူ့အချစ်ရေးကရောဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်