ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ အချစ်ကားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် အိန္ဒိယဇာတ်ကားကောင်းလေးပါဇာတ်လမ်းအကျဉ်းကတော့ မန်နူနဲ့ ပရီယာဟာသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ပြီးတော့ သူတို့ရဲ့ဘဝအိပ်မက်လေးကို ဖြည့်ဆည်းဖို့အတွက် မပြည့်စုံပေမယ့်လည်းအတူကြိုးစားနေကြတာဖြစ်ပါတယ် ဒါပေမယ့် သူတို့အချစ်ဇာတ်လမ်းမှာ ဆူးငြှောင့်ခလုတ်တစ်ခုက ဝင်လာခဲ့ပါတယ် မန်နူဟာ တခြားသူတွေလိုပဲ သူ့ချစ်သူကိုကောင်းကောင်းမွန်မွန်ထားချင်တဲ့စိတ်၊ ဘဝကိုသက်သက်သာသာနေစေချင်တဲ့စိတ်ကြောင့် သူဌေးရဲ့သားဖြစ်သူအမှုမှာ ကိုယ်တိုင်ထောင်ချခံရင်းပိုက်ဆံကိုဖြတ်လမ်းနည်းကရှာဖို့ ကြိုးစားခဲ့ပါတော့တယ် အလွယ်လမ်းကိုလိုက်ခဲ့မိတဲ့ မန်နူ့အတွက် သူ့ကောင်မလေးနဲ့အတူ အကောင်အထည်ဖော်မယ့်အိပ်မက်က ဖြစ်လာနိုင်ပါတော့မလား၊ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုစမ်းသပ်မှုတွေ ကြုံရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်