ဒီဇာတ်ကားရဲ့ထူးခြားချက်က အဓိကသရုပ်ဆောင် ၂ယောက်ရယ်၊၃မိနစ်စာလောက်ပါလာတဲ့ရဲအရာရှိကလွဲလို့ တခြားသရုပ်ဆောင်မပါဝင်ပါဘူး။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်နှစ်ယောက်ကဒီဇာတ်ကားကိုရိုက်ဖို့ အချိန်ငါးရက်ပဲယူခဲ့ရတယ်။ ရိုက်ကူးရတဲ့အချိန်နဲ့ဘတ်ဂျက်အရရော နည်းပါးပေမဲ့ ဇာတ်လမ်းအစကနေအဆုံးအထိ တမျိုးလေးဆွဲခေါ်သွားမယ့်ကားမျိုးပါ။ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ဖြစ်ပျက်နေကြကိစ္စတချို့ကိုလည်းထည့်သွင်းပြီးရိုက်ပြထားလို့ ကိုယ်နဲ့တိုက်ဆိုင်တာလည်း ပါလာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ညီအစ်ကိုနှစ်ယောက်က ဘယ်ကမှန်းမသိယူလာတဲ့ မူးယစ်ဆေးပြားတွေကိုရောင်းဖို့ ဖလော်ရီဒါကနေအလက်စကာကို ကားတစ်စီးနဲ့ထွက်လာတဲ့ဇာတ်လမ်းလေးပါ။ လမ်းတစ်လျှောက် ပေါက်တတ်ကရလုပ်တာတွေ၊ပြောတာဆိုတာမှန်သမျှကို ကြည့်ရှုရမယ့် Drama ကားလေးပါ။