The Perfect Score HD

The Perfect Score

Comedy Crime HD 2004-01-30 5.8 93 Min

အားလုံးသိကြတဲ့ Marvel သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans နဲ့Scarlett Johansson တို့ရဲ့ ဆယ်ကျော်သက်အရွယ်လူငယ်ဆန်တဲ့ သရုပ်ဆောင်ပုံတွေကို မြင်ရမဲ့မိသားစုကြည့်လို့ရတဲ့ မှုခင်း ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအထက်တန်းကျောင်းသား Kyle (ChrisEvans) ဟာ ရည်မှန်းချက်ကြီးပြီး ကြိုးစားတဲ့လိမ္မာတဲ့ကျောင်းသားတစ်ယောက်ပါ။GPA လို့ခေါ်တဲ့ အတန်းတွင်းရမှတ်ကောင်းတယ်ဆိုပေမဲ့သူတက်ချင်တဲ့ ဗိသုကာကောလိပ်ကိုတက်ခွင့်ရဖို့ကောလိပ်ဝင်ခွင့်S.A.T စာမေးပွဲမှာ သတ်မှတ်ထားတဲ့အမှတ်မရတဲ့အခါမှာတော့ သူနဲ့ အခြေအနေအတူတူပဲဖြစ်တဲ့သူငယ်ချင်း Matty နဲ့ပေါင်းပြီး ရသမျှနည်းလမ်းနဲ့အဖြေလွှာတွေခိုးဖို့ ကြံစည်ပါတော့တယ်။Matty နဲ့Kyle နှစ်ယောက်သားဟာ အကူအညီရနိုင်တဲ့နေရာမှန်သမျှလိုက်စုံစမ်းကြည့်တဲ့အခါ Francesca (Scarlett Johansson) လို့ခေါ်တဲ့ကောင်မလေးရဲ့အဆက်အသွယ်တွေနဲ့အဖြေလွှာတွေခိုးလို့ရနိုင်ကြောင်း သိသွားတဲ့နောက်မှာတော့လိမ္မာတဲ့ကျောင်းသားလေး Kyle၊ ကံဆိုးသူ သူငယ်ချင်း Matty၊ ကလန်ကဆန်ကောင်မလေး Francesca တို့နဲ့အတူနောက်ထပ် သုံးယောက်အနေနဲ့ ဘယ်သူတွေထပ်ပါလာပြီးအဖြေလွှာတွေ ဘယ်လိုခိုးဖို့ ကြံစည်ကြလဲအထက်တန်းကျောင်းသား ၆ ယောက်ကကော အဖြေလွှာတွေခိုးဖို့ အောင်မြင်သွားကြလား၊ သူတို့တက်ချင်တဲ့ ကောလိပ်တွေမှာကောဝင်ခွင့်တွေရသွားမလား ဆိုတာကို စိတ်ဝင်စားစရာအဖြစ်ကြည့်ရမှာပဲဖြစ်ပါတယ်။Perfect Score ရုပ်ရှင်ဟာ ကောလိပ်ဝင်ခွင့် SAT စာမေးပွဲရဲ့ အဖြေတွေကိုခိုးဖို့ကြံစည်ကြတဲ့ အထက်တန်းကျောင်းသား ၆ ယောက်ရဲ့အကြောင်းပြောပြထားပြီးကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ အရေးကြီးတယ်ဆိုပေမဲ့ဘဝမှာ စာမေးပွဲအမှတ်ထက်ပိုတဲ့သင်ယူစရာတွေအတွေ့အကြုံတွေလည်း အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်း၊ကိုယ့်အကြောင်း သေချာမသိပဲ အမြင်နဲ့ သတ်မှတ်လိုက်တဲ့လူတစ်ချို့ရဲ့စံနှုန်းသတ်မှတ်ချက်တွေအကြောင်းပညာပေးတဲ့အယူအဆ ရိုက်ချက်တွေပါဝင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။