ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပဒေအရကလေးငယ်တွေရဲ့ အဖေအမေတွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွားဆွေမျိုးတွေကစောင့်ရှောက်ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေအဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်းအဲ့လိုစောင့်ရှောက်ရေးအိမ်မှာနေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေးအိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အခြေအနေကိုရောက်လို့လာပါတော့တယ်။ လစ်ဘာတီကအိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်ကအဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီးသူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်းကရီနာကိုလိုက်ရှာပါတော့တယ်။ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန်ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကိုပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။