Insidious Inferno FHD

Insidious Inferno

Horror FHD 2023-09-05 3 0 Min

Horror ကားကြိုက်နှစ်သက်သူတွေအတွက် Insidious Inferno ဆိုတဲ့ဇာတ်ကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။နာမည်ကြောင့် Insidiousကားတွေနဲ့မမှားသွားပါနဲ့။ဒီကားကသက်သက်ပါ။ဇာတ်ကားပုံစံကဘယ်လိုလဲဆိုတော့ထုံးစံအတိုင်းနတ်ဆိုးတွေမကောင်းဆိုးဝါးတွေအကြောင်းကိုမှ Storylineအသစ်တစ်ခုနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိုနီကာနဲ့ အန်ဒရေးတို့ဆိုတဲ့လင်မယားနှစ်ယောက်က မိုနီကာရဲ့အဖေဖြစ်သူဆုံးပါးခဲ့ပြီးနောက်မှာ သူ့အဖေပိုင်ခဲ့တဲ့အိမ်ကြီးကို အမွေရခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်ကအဲ့ဒီအိမ်ကြီးကို ပြင်ပြီးပြန်ရောင်းစားဖို့အတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။မိုနီကာမှာ တစ်ခါတစ်လေမူးခနဲမိုက်ခနဲဖြစ်သွားတတ်ပြီးအာရုံထဲမှာအနီရောင်တွေချည်းပဲမြင်နေရတတ်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။အခုလည်း အဲ့ဒီအိမ်ကြီးကိုသွားရမယ်ဆိုတဲ့ အခါမှာငယ်ဘဝတုန်းက စိတ်ဒဏ်ရာတွေကြောင့် မသွားချင်ဘူးဖြစ်နေပေမဲ့ရောက်တော့ရောက်သွားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ မိုနီကာအဲ့ဒီအိမ်ကိုရောက်ပြီးကတည်းကအတိတ်က ကြောက်စရာအဖြစ်အပျက်တွေ ပြန်မြင်ယောင်လာပြီး အဖြစ်ဆိုးတွေကိုလည်းတစ်ခုပြီးတစ်ခုကြုံတွေ့လာရပါတယ်။သူတို့လင်မလားနှစ်ယောက်ဒီအဖြစ်အပျက်တွေကိုကျော်ဖြတ်နိုင်ကြပါ့မလား မိုနီကာနဲ့အဲ့ဒီအိမ်နဲ့ကရောဘယ်လိုတွေ ရေစက်ရှိနေတာလဲဆိုတာကိုကြည့်ရှုရမဲ့ Horrorဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။