ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သူဌေးသားလေးဝမ်လိရွှမ်ကစာပေကိုလုံးဝစိတ်မဝင်စားဘဲနဲ့ သောက်စားပျော်ပါးပြီးအမတမျိုးနွယ်တွေလိုပျံသန်းကြတဲ့အကြောင်းရေးထားတဲ့စာတွေပဲ ဖတ်လေ့ရှိပါတယ်တစ်နေ့တော့ ဖားမကောင်းဆိုးဝါးကိုလိုက်ဖမ်းတဲ့သူတောင်းစားလေးအယောင်ဆောင်ထားတဲ့အမတမျိုးနွယ် နဲ့ဆုံတွေ့ပြီးချွေ့ယွင်တောင်မှာ အမတပညာတွေကို သင်ယူဖို့ ခရီးနှင်လာခဲ့ပါတယ်ဘယ်ကိစ္စမဆိုပေါ့ပျက်ပျက်ပဲ သဘောထားတတ်တဲ့ သခင်လေးဝမ်တစ်ယောက်တောင်အောက်ခိုးဆင်းဖို့ပြင်ရင်း ဆရာသုံးယောက်ရဲ့ သေရည်ဝိုင်းထဲကိုရောက်သွားရာကနေမှ ပန်းချီကားချပ်ထဲက နတ်မိမယ်လေးကို မေတ္တာသက်ဝင်သွားခဲ့ပါတယ်နတ်မိမယ်လေးကို သူ့ဆရာက နံရံထဲကနေ ဖောက်ဝင်ပြီးတော့ခေါ်ထုတ်လာတာကိုသူတွေ့တော့ နံရံဖြတ်ဝင်တဲ့အတတ်ပညာကို သင်ယူချင်သွားပါလေရောအဲ့ကနေစပြီးတော့ သူ့ရဲ့အမတပညာတွေက တဖြေးဖြေးတိုးတက်လို့လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ဆရာက သူ့ကိုခေါ်ထားရတဲ့အကြောင်းရင်းကတော့သူတို့ဆရာသုံးယောက်ပုလဲထည့်ပြီး ထိန်းသိမ်းထားရတဲ့ ပုံရိပ်ယောင်ဆွဲဆောင်မှု မိစ္ဆာဆိုတဲ့ မြွေမကောင်းဆိုးဝါးရဲ့ဝိညာဉ်အခွဲတွေ ပြန်ပေါင်းစည်းပြီးလူ့လောကကြီးကို အန္တရာယ်ပြုလာရင် ဖြစ်လာမယ့်အန္တာရာယ်ကိုကိုင်တွယ်နိုင်သူက သူပဲလို့ ဆရာအကြီးဆုံးကပြောခဲ့တာမို့လို့ပဲဖြစ်ပါတယ်အဲ့တော့ သူတို့ကြိုတွက်ချက်ထားသလိုပဲ ဝမ်လိရွှမ်က ဒီအန္တာရာယ်ဆိုးကြီးကိုဘယ်လိုရင်ဆိုင်ကိုင်တွယ်သွားမှာလဲ ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာဖြစ်လို့ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်ပေးချင်ပါတယ်