Poisoned: The Dirty Truth About Your Food FHD

Poisoned: The Dirty Truth About Your Food

Documentary FHD 2023-06-09 6.912 83 Min

အစားအသောက်ကြောင့် ဖြစ်တဲ့ ရောဂါဆိုရင် လူတော်တော်များများ တွေးမိတာကဝမ်းလျှောမယ်၊ ဗိုက်နာမယ်၊ အန်မယ် ဆိုတာလောက်ပါပဲ။Pause00:00-00:14MuteSettingsPIPEnter fullscreenDownloadဒါပေမဲ့ E.coli တို့၊ Salmonella တို့လို ရောဂါပိုးတွေအစားအစာထဲမှာ ပါသွားရင်တော့ အသက်နဲ့ရင်းပြီး ခံစားသွားရနိုင်ပါတယ်။E.coli တို့၊ Salmonella တို့လို ရောဂါပိုးတွေက အူလမ်းကြောင်းထဲကတစ်ဆင့် သွေးထဲ ရောက်ပြီးခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါပေါင်းစုံကို အမျိုးစုံ ဒုက္ခပေးနိုင်တဲ့ အကောင်တွေပါ။ဒီရောဂါပိုးတွေကြောင့် ခေတ်မီပြီး တိုးတက်လှပါတယ်ဆိုတဲ့မဟာအင်အားကြီးနိုင်ငံ အမေရိကန် ပြည်ထောင်စုမှာ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ဟမ်ဘာဂါ တစ်လုံးကြောင့် အသက်ပေးလိုက်ရသူတွေအသုပ်တစ်ပွဲကြောင့် ကျောက်ကပ်ပျက်သွားသူတွေ အစရှိတဲ့ရင်နင့်စရာ ဇာတ်လမ်းတွေကို ဒီ Docu ထဲမှာ တွေ့ရမှာပါ။အစပိုင်းတော့ အသားတွေမှာပဲ ရောဂါပိုးတွေ ပါခဲ့ရာကနောက်ပိုင်းမှာ ဟင်းနုနွယ်တို့၊ မုန်ညင်းဆလတ်တို့လိုဟင်းသီးဟင်းရွက်တွေမှာလည်း ဒီရောဂါပိုးပါနေတာ တွေ့လာရပါတယ်။ဒီရောဂါပိုးတွေ အစားအသောက်ထဲဘယ်လိုရောက်လာလဲ ဆိုတာကို အဖြေရှာကြရင်းနဲ့ယူအက်စ် အစားအသောက် ကွပ်ကဲရေး စနစ်ရဲ့ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ…လုပ်ငန်းရှင်တွေရဲ့ ခေါင်းရှောင်ပုံတွေ….နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးဆန်တဲ့ ပေါ်လစီတွေကိုအင်တာဗျူးတွေ၊ ဗီဒီယို ကလစ်တွေနဲ့ စုံစုံလင်လင် ချပြထားပါတယ်။“We have the safest food supply in the world” ဆိုတာကိုပါးစပ်ဖျားက မချစတမ်း ရွတ်လေ့ရှိတဲ့ ယူနိုက်တက်စတိတ်ကြီးရဲ့အဆိပ်သင့် အစားအသောက်တွေအကြောင်းကို ရှုစားလိုက်ကြပါဦး။