ဒီတစ်ခါမှာတော့ Disney ကရိုက်ကူးထားတဲ့ Teen/romanceရုပ်ရှင်လေးတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Christopher Wilde ဟာနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်၊ရုပ်ချောချောအသက်ငယ်ငယ်နဲ့ဂျက်စတင်ဘီဘာငယ်ငယ်ကလို Pop Starတစ်ယောက်ပေါ့။ သူဟာသာမာန်လူတွေနဲ့မတူပဲ Popstar lifeကိုဖြတ်သန်းနေရတာကြောင့်ပါပါရာဇီတွေဆိုတာလည်းသူ့နောက်ကတစ်ကောက်ကောက်ပါနေတတ်ပါတယ်။ တစ်ဖက်မှာတော့Jessica ဆိုတဲ့သာမာန်ကျောင်းသူကောင်မလေးတစ်ယောက်ရှိပြီးသူ့အစ်မက Chriကိုအရမ်းကြိုက်ပေမယ့် သူကတော့မကြိုက်ပါဘူး။တစ်နေ့ Jessica တို့မိသားစုက Christopher နေထိုင်တဲ့ Los Angeles ကိုအလည်ခရီးလာကြပြီး Jessica နဲ့ Christopher Wildeတို့မထင်မှတ်ပဲဆုံတွေ့ကြတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးထားတာပါ။2010 ကထွက်ထားတဲ့ကားဖြစ်တဲ့အလျောက် အရင်က Disney show တွေရဲ့vibeလေးအတိုင်းခံစားရပြီး ပါဝင်တဲ့ သီချင်းတွေကအတော်လေးကောင်းတာကိုတွေ့ရပါတယ်။ Popstar လေး Christopher နဲ့ Jessica တို့နှစ်ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ဇာတ်လမ်းထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦး။