Accepted HD

Accepted

Comedy HD 2006-08-18 6.384 93 Min

2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာမဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း​ကောလိပ်​​ကျောင်း​ကောင်းကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက်​ဘောင်​တွေကိုချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင်အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီးမူဝါဒတွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက်အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကိုပြန်လွမ်းမိသွားနိုင်သလိုGossip girls တို့ Age of Adaline တို့ထဲကမင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့အလှ​ကိုလည်းခံစားနိုင်ပါတယ်။ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။