Dragon Gate Posthouse 2: Thunder Without Rain FHD

Dragon Gate Posthouse 2: Thunder Without Rain

Unknown FHD 2018-02-16 8.3 0 Min

Dragon.Gate.Posthouseရဲ့ဒုတိယဇာတ်ကားလေးပါ။ဒီကားလေးမှာတော့ ရူးရူးနှမ်းနှမ်းနဲ့ ချူအာဆိုတဲ့ကောင်မလေးတစ်ယောက်ကမာတာ့လုရဲ့အကူအညီနဲ့ Dragon.Gate.Posthouseလုံမိန်ရပ်နားစခန်းကို ရောက်လာပါတယ်။ကောင်မလေးကသူ့ရဲ့အဖေကိုလိုက်ရှာရင်း ရပ်နားစခန်းကိုရောက်လာတာဖြစ်တယ်။သူရှာနေတဲ့သူ့ရဲ့အဖေ ရှန့်ထျန်းလေဟာ လုံမိန်ရပ်နားစခန်းကခေါင်းဆောင်ရှီကန်တန်းဖြစ်နေပါတယ်။ နှစ်နှစ်ဆယ်လောက်ကွဲကွာနေတဲ့သားအဖဟာဒီလိုနဲ့ပြန်တွေ့ဆုံခဲ့ရပြီး သူတို့တွေဘယ်လိုဝေးကွာခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောဖြစ်ကြတယ်။အဲဒီအချိန်တုန်းက ရှန့်ထျန်းလေက တိုင်းပြည်ရဲ့သူရဲကောင်းစစ်သူကြီးလုတင်ထျန်းကို တာဝန်အရလိုက်သတ်ခဲ့ရပြီး စစ်သူကြီးလုတင်ထျန်းရဲ့သားနဲ့သမီးဟာပျောက်သွားခဲ့တယ်။ ရှန့်ထျန်းလေကလဲသူလုပ်ခဲ့တဲ့အပြစ်တွေကြောင့် မိသားစုအိုးအိမ်ပျက်စီးခဲ့ရတယ်။ဒီစိတ်မကောင်းဖြစ်ရပ်ရဲ့နောက်ကွယ်ကစေခိုင်းသူကဘယ်သူဖြစ်နေမလဲ…လုတင်ထျန်းရဲ့သားနဲ့သမီးဟာဘယ်လိုအဆုံးသတ်သွားလဲ…….သူတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းတွေဟာဘယ်လိုဖြစ်နေမလဲ……