Bitcoin တို့ Cryptocurrency တို့ဆိုတာယနေ့ခေတ်မှာ လူတော်တော်များများသိကြတဲ့အရာတွေဖြစ်လာကြပါပြီ။မြန်မာနိုင်ငံမှာတောင်အဲ့ဒီ Cryptocurrencyတွေနဲ့ ပိုက်ဆံရှာနေကြသူတွေရှိပါတယ်။ဒါပေမယ့် အဲ့ဒီကောင်တွေက အမြဲတမ်းအတက်အကျတော့ရှိနေတဲ့အတွက်ငွေသားလောက်တော့မတည်ငြိမ်ဘူးလို့ပြောလို့ရပါတယ်။နိုင်ငံခြားမှာဆိုရင်လဲ တချို့မကောင်းမှုတွေလုပ်တဲ့လူတွေဆိုရင်Payment အနေနဲ့ Bitcoin နဲ့လက်ခံတာငွေပေးချေတာမျိုးတွေလုပ်နေကြပါတယ်။ဒီကားထဲမှာလည်း လူဆိုးအဖွဲ့တစ်ဖွဲ့ကသူတို့ရဲ့မှောင်ခိုမူးယစ်ဆေးတွေရောင်းလို့ရလာတဲ့ပိုက်ဆံတွေကို ရဲတွေခြေရာခံလို့ရမှာစိုးတဲ့အတွက် Bitcoin နဲ့ပဲလက်ခံခဲ့ပါတယ်။ဒါပေမယ့် ပိုက်ဆံပမာဏကမနည်းမနောဆိုတဲ့ Hard Driveကြီးနဲ့တောင်ထည့်သိမ်းခဲ့ရပါတယ်။ဒါပေမယ့် လူဆိုးတွေကအဲ့လိုမျိုးကွန်ပြူတာနဲ့လုပ်ရတဲ့ကိစ္စတွေမှာမကျွမ်းတဲ့အတွက် အဲ့ဒီနယ်ပယ်မှာဆရာကြီးဖြစ်နေတဲ့ မင်းသားဖြစ်သူကိုငှားပြီးလုပ်ခိုင်းခဲ့ပါတယ်ဖြစ်ချင်တော့မင်းသားလုပ်ပြီးနောက်နေ့မှာပဲ Drive ကြီးကပျောက်သွားတဲ့အတွက် အဲ့ဒါတွေကိုရွှေ့ပြောင်းပေးခဲ့တဲ့သူ့ကိုပဲ အရင်ဆုံးလာပြီးအမှုပတ်ပါတော့တယ်။အဲ့ဒီ Driveကိုလူဆိုးတွေကိုပြန်မရှာပေးနိုင်ရင် သေရမှာဖြစ်တဲ့အတွက် မင်းသားလည်း မရရအောင်လိုက်ရှာပေးရင်းနဲ့ ဘာတွေကြုံတွေ့ရမလဲအဲ့ဒီ Drive ကိုတကယ်ပဲမင်းသားခိုးသွားတာလား ဒါမှမဟုတ်တခြားသူတွေခိုးသွားတာလားဆိုတာကိုကြည့်ရမဲ့ အက်ရှင်ကားပဲဖြစ်ပါတယ်။