ဒီဇာတ်လမ်းလေးကတော့ ပေတေလေလွင့်နေကျ နှစ်ဆယ်ကျော်လူငယ်ဘဝအကြောင်း ရိုက်ကူးပြထားတဲ့ဇာတ်လမ်းလေးပါပဲ…။လမ်းလျှောက်တတ်စအရွယ်ကတည်းက ဒုက္ခနဲ့သာလုံးပန်းခဲ့ရတဲ့သူတို့အတွက်တော့ဘဝရည်မှန်းချက် ရည်ရွယ်ချက်ကြီးကြီးထားရမယ့်အစားကြုံလာသမျှပြဿနာကိုကြုံသလိုဖြေရှင်းရင်းသာ အချိန်ကုန်နေရတာပါ…။ဇာတ်လမ်းထဲမှာတော့ ဂျော့ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး သူ့ရဲ့ခွေးကို အပေါင်အဖြစ်ပစ္စည်းသိမ်းခံလိုက်ရပါတယ်…။နာမည်ကယောကျာ်းလေးနာမည်ဆိုပေမယ့် ဂျော့ဆိုတာ မိန်းကလေးပါ..။သူ့ခွေးဆိုတာကလည်း သူများဆီက အလစ်သုတ်ထားတဲ့ ခွေးလေးပါ…။ဒီတော့ ဂျော့ဟာ သူ့ခွေးကို ပြန်ရဖို့ အကြွေးတွေဆပ်နိုင်ဖို့ကြံရပါတော့တယ်၊တစ်ယောက်တည်းကြံမရတော့ သူငယ်ချင်းနှစ်ယောက်ကိုပါ စစ်ကူခေါ်ပြီးရာဇဝတ်မှုလုပ်ဖို့ ကြံမိကြံရာကြံပါတော့တယ်…။သို့ပေမယ့် အမြဲတမ်းဒုက္ခနဲ့သာကြုံတွေ့နေရတဲ့သူ့တို့တစ်တွေအဖို့ အခုလည်းအဆင်မပြေတာတွေပဲဆက်တိုက်ကြုံတွေ့လာတဲ့အခါမှာတော့…ကြံထားသလိုလုပ်နိုင်မလား၊ အားမတန်မာန်လျှော့ရမလားဆိုတာကိုဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။