Blippi's Big Dino Adventure HD

Blippi's Big Dino Adventure

Family HD 2023-08-25 8.3 67 Min

ဒီနေ့မှာတော့ သားသားမီးမီးလေးတွေကြည့်ရှုရမှာကတော့ ပတ်ခ်ရိန်းဂျားအာရှာဆိုတဲ့ ဒိုင်နိုဆောစောင့်ရှောက်သူ တစ်ယောက် အလည်လွန်ပြီး မေမေတီရက်စ် ဒိုင်နိုဆောဥတွေကို ပျောက်သွားတဲ့အတွက်သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဘလီပီနှင့် မီကာကို အကူအညီတောင်းပြီး ဥပျောက်ရှာပုံတော်စွန့်စားခန်းကြီးဖြစ်ပါတယ်။တစ်ခုရှိတာက ဥကလေးတွေက တစ်နာရီအတွင်းမှာအကောင်ပေါက်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်အတွင်း ဒိုင်နိုဆောအမျိုးမျိုးရန်ကို ဘယ်လိုရှောင်ရှားပြီး ဥရှာကြမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး သူတို့ ဥရှာပုံတော်ထွက်တဲ့တစ်လျှောက်မှာပစ္စည်းအမျိုးမျိုးရဲ့ ခေါ်ဝေါ်ပုံ တွေကို စိတ်ဝင်တစား လေ့လာရမှာဖြစ်ပါတယ်။ အလုပ်များတဲ့ သားသားမေမေ မီးမီမေမေတွေအနေနဲ့လည်း ကိုယ်ချစ်သားသမီးတွေကို အင်္ဂလိပ်စာနဲ့ အထိအတွေ့ရှိအောင်ဒီလိုဇာတ်ကားဖွင့်ပေးထားတတ်တယ်ဆိုရင် မြန်မာလိုဘာသာပြန်ဆိုထားတဲ့အတွက် ကလေးတွေကိူ ဘာသာနှစ်မျိုး ရင်းနှီးစေပြီး bilangual သဘောမျိုးဖြစ်တဲ့အတွက် ပိုသင့်လျော်လို့ကလေးတွေအတွက် ဖွင့်ထားပေးလို့ရပါတယ်။ ဒီတော့ သားသားမီးမီးတို့ရော မေမေတို့တင်မက အားလုံးပါ ကြည့်ရှုပေးကြပါဦးနော်။