Dorian Gray HD

Dorian Gray

Drama Fantasy Thriller HD 2009-09-09 5.978 112 Min

လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henryနဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲနတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ….သူ့နုပျိုမှုကထာဝရခံပါ့မလားအဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး….Ben Bernes က Dorian Gray ရဲ့ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကိုကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibesမျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့…( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေကမိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)