Down Lowဇာတ်ကားမှာတော့ ကင်ဆာရောဂါနဲ့ မကြာခင်သေဆုံးရတော့မယ်ဆိုတာကို သိလိုက်ရတဲ့Garyဟာလိင်တူချစ်သူဖြစ်ကြောင်းဝန်ခံကာ မိန်းမဖြစ်သူနဲ့ ကွာရှင်းခဲ့တယ်။တစ်ဘဝလုံး ဂေးတစ်ယောက်ဖြစ်နေကြောင်းကိုဖုံးကွယ်ခဲ့ရတဲ့Garyတစ်ယောက်ဟာ သူမသေခင်မှာတော့ သူရှင်သန်ချင်တဲ့ဘဝမှာ ရှင်သန်နိုင်ဖို့စိတ်ဆုံးဖြတ်ထားတာပေါ့။အဲ့အတွက်Garyတစ်ယောက် လိင်လုပ်သားCameronကို အိမ်ခေါ်ခဲ့တယ်။တစ်ဘဝလုံး ဂေးတစ်ယောက်အနေနဲ့ ရှင်သန်လာတဲ့Cameronကတော့ Garyရဲ့ဘဝအကြောင်းကို ကြားလိုက်ရပြီးနောက်မှာတော့ Garyရှင်သန်ချင်တဲ့ဘဝကို ရှင်သန်နိုင်ဖို့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့Garyနဲ့လိင်ဆက်ဆံဖို့ ခေါ်ထားတဲ့လူတစ်ယောက်ကို မတော်မဆသတ်မိသွားချိန်မှာတော့Garyနဲ့Cameronတို့၂ယောက်သား ဒီလူသတ်မှုကို ဘယ်လိုဖုံးကွယ်ကြမလဲ။သေသွားတဲ့လူရဲ့အလောင်းကိုရောဘယ်လိုလက်စဖျောက်ကြမလဲဆိုတာကိုကြည့်ရှူပေးကြပါအုံး။