ဒီဇာတ်လမ်းထဲမှာရှာရမှာကျတော့ လူသတ်တရားခံဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုလူချမ်းသာတွေလာအပန်းဖြေနေကျ MYSTERY ISLAND ဆိုတာရှိပါတယ်၊ တစ်ညကိုဒေါ်လာတစ်သောင်းလောက်ပေးနေရတာပါ၊ အဲ့ကျွန်းမှာဘာလုပ်လဲဆို Mystery Game တွေဆော့ပြီးအပျော်တမ်းလူသတ်တရားခံ ရှာကြတာပေါ့ ။ဖြစ်ချင်တော့ ကျွန်းကို သွားနေကျ သူဌေးသမီး ဂျေးနီက ကျွန်းကိုမရောက်ဖူးတဲ့သူ့သူငယ်ချင်း ရဲအမှုထမ်းမလေးအမ်မလီယာကိုစိတ်ပြေလက်ပျောက်ရောက်ဖူးတယ်ရှိအောင်ဆိုပြီးခေါ်သွားလိုက်ချိန်မှာတော့ ၊ တကယ့်လူသတ်မှု တစ်ခုပေါ်ပေါက်လာပါတယ်။ သေဆုံးသူကတော့ ကျွန်းကို ဖန်တီးထားသူ ပိုင်ရှင် ဂျွန်မာတက်ပါ။ဂျွန်မာတက်က ဘာလို့သေတာလဲ၊ ဘယ်သူသတ်တာလဲ၊ ပဟေဠိတွေဖန်တီးနေကျ ဉာဏ်ကြီးရှင်ကိုယ်တိုင် အသတ်ခံလိုက်ရတာ ရိုးရော ရိုးရဲ့လား၊ နောက်ကွယ်မှာရောဘယ်သူ့ကြိုးကိုင်နေတာလဲဆိုတာတွေကို plot twist လှလှလေးနဲ့ကြည့်ရမှာဖြစ်ပါတယ်